လွိုင်ကော်မြို့၌ ပြန်လည်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း ၆၃၂ ဦးအတွက် သတ္တမအကြိမ်မြောက် အဖြစ် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်


(ပြည်တွင်း) အောက်တိုဘာ ၂၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြန်လည်ဝင်ရောက်လာပြီး တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း ၆၃၂ ဦး၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် သတ္တမအကြိမ်မြောက်အဖြစ်ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို အောက်တိုဘာလ ၂၀ ရက်မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း ၆၃၂ ဦးအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ဖြစ်သည့် ဆန်၊ ဆီ၊ ပဲတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်မှ ပြန်လည်ရောက်ရှိလာသည့် ဝန်ထမ်းများလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရေးနှင့် နေထိုင်စားသောက်ရေးတို့ အဆင်ပြေစေရန် စနစ်တကျစီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပြီး လွိုင်ကော်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် အခြေခံပညာကျောင်း ၇ ကျောင်းအတွက် လိုအပ်သည့် ရုံးသုံးကိရိယာများနှင့် အထောက်အကူပြု ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN