ရွှေဘိုခရိုင် PDF မှ နဂါး၏တပ်ဖွဲ့ဝင် ၂၂ ဦးနှင့် ထောက်ပို့ ၁၄ ဦးကို ဖမ်းဆီးဟုဆို


(ပြည်တွင်း) အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းအခြေစိုက်သည့် ပုလဲနဂါး ဦးဆောင်သော BNRA တပ်မှ တပ်ခွဲမှူး၊ PDF များနှင့် ထောက်ပို့များအား ရွှေဘို PDF မှဖမ်းဆီးလိုက်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊ ကံသာယာကျေးရွာတွင် အခြေပြုသော ပုလဲနဂါး ဦးစီးသည့် BNRA ၏ တပ်ရင်း ၅ ၊ တပ်ခွဲ ၃ မှ တပ်ခွဲမှူး မျိုးလှိုင်ဝင်းအပါအဝင် PDF ၂၂ ဦး နှင့် ထောက်ပို့ ၁၄ ဦးကို NUG လက်အောက်ခံ MOD ၏ ရွှေဘိုခရိုင် တပ်ရင်း ၃ မှအောက်တိုဘာ ၁၈ ရက်နေ့ ညပိုင်း၌ ကံသာယာကျေးရွာတွင် ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများနှင့်အတူ ပါရီ ၃ လက်၊ Ak ၁ လက်၊ မိုင်း ၁၀ လုံးပါ ပါသွားသည်ဟုလည်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

“ပုလဲနဂါးရဲ့ BNRA တပ်ခွဲ ၃ က ရွာထဲမှာ ကျဆုံးရဲဘော်တွေအတွက် အထိမ်းအမှတ်အနေနဲ့ အဲဒီနေ့ ည ၇ နာရီလောက်မှာ သေနတ်ပစ်ဖောက်ခဲ့တယ်။ ရွာထဲမှာ သေနတ်ဖေါက်ဖို့ အကြောင်းမကြားထားတဲ့ အတွက် MOD ခရိုင် တပ်ရင်းဂိတ်ဘက်ကနေ ရဲဘော် ၂ ဦး လာရောက်မေးမြန်းတယ်။ အဲဒီနောက်ပိုင်းမှာ ရွှေဘိုခရိုင်တပ်ရင်း ဘက်ကနေ အင်အား ၁၀၀ လောက်နဲ့ BNRA တပ်ဖွဲ့ဝင်တွေကို လာရောက်ဖမ်းဆီးသွားတာပဲ” ဟု ဒေသခံတစ်ဦးမှပြောသည်။

Telegram»…
https://t.me/positiveanglenews

PAN