မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


(မှုခင်း) စက်တင်ဘာ ၂၁

ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မအားဖိန် (ခ)လီဟိုဖိန်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မအားတုံ (ခ)စန်းသီရိအောင်အား တွေ့ရှိရပြီး စိတ်ပြောင်းဆေးဝါး Happy Water ၀ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့ကာ စစ်ဆေးချက်အရ ည ၈ နာရီ ၄၅ မိနစ်တွင် ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရှိ မအားတုံ (ခ) စန်းသီရိအောင် တည်းခိုနေထိုင်သည့် ဟိုတယ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၀ ဒသမ ၇ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းကျေးရွာအနီးရှိ အိုက်ရှဲန်၏လယ်တဲကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀၀နှင့် စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၁ ကီလိုကိုလည်းကောင်း၊ ထို့အတူ အောက်တိုဘာ ၁၉ ရက် မွန်းတည့် ၁၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် နန္ဒာကိုကို (ခ) အလီ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်

Telegram»…
https://t.me/positiveanglenews

PAN