ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရန် ရုရှားစစ်ရေယာဥ် ၄ စီး ရန်ကုန်သို့ရောက်ရှိ


(ပြည်တွင်း) စက်တင်ဘာ ၂၁

ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းပြုလုပ်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရုရှားစစ်ရေယာဥ် ၄ စီး တို့ဟာ အောက်တိုဘာလ ၂၀ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ပါတယ်။

ရုရှားရေတပ် Russian Pacific Fleet မှ ကော်ဗက်စစ်ရေယာဉ်များဖြစ်သည့် စစ်ရေယာဉ် Gromky၊ စစ်ရေယာဉ် Rezky၊ စစ်ရေယာဉ် Tsydenzhapov နှင့် ထောက်ပံ့ရေးရေယာဉ် Pechenga တို့က အဖွဲ့ ခေါင်းဆောင် အဖြစ် ရုရှားရေတပ် Russian Pacific Fleet Captain 1st Rank Antsiferov Alexey Vitalievich ဦးဆောင်၍ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ စစ်ရေယာဥ် ၄ စီးအား တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ခရီးစဉ်အတွင်း၌ ရုရှားရေတပ် စစ်သည်များက ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်း၊ ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN