ထိုင်းနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးခဲ့


(နိုင်ငံတကာ) အောက်တိုဘာ၂၁

ထိုင်းနိုင်ငံ၌ အောက်တိုဘာလ ၁၉ ရက် ညပိုင်းတွင် သုံးနာရီကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အူထိုင်းထာနီပြည်နယ်၌ ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘန်ရိုင်းမြို့တစ်မြို့လုံးတွင် အမြင့် တစ်မီတာအထိ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။ ညပိုင်း၌ ရေကြီးမှုဖြစ်ပွားသည့်အပြင် ရေတက်သည်မှာလည်း မြန်ဆန်လွန်းတာကြောင့် အချိန်နှင့်တစ်ပြေးညီ ထွက်ပြေးနိုင်ခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုဒေသသည် တောင်တန်းဒေသဖြစ်သည့်အတွက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်ကျရေများက အရှိန်နှင့်စီးဆင်းလာခြင်းဖြစ်ကာ အိမ်ခြေများစွာ ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

ထို့ပြင် ဆမွတ်ပရာ ပြည်နယ်၌ အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ပင်လယ်ဒီရေမြင့်တက်လာသည့် အတွက် လမ်းမများစွာ ရေလွှမ်းမိုးခံရကာ အချို့နေရာများတွင် ရေအနက်သုံးပေနီးပါးအထိ ရှိကြောင်းနှင့် ထိုသို့ ဒီရေတက်ခြင်းသည် နောက်ထပ်ရက်အနည်းငယ်အထိ ကြာမြင့်နေဦးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြော ထားသည်ဟု NT News တွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN