ဂါဇာမြောက်ပိုင်း တွင် အမှတ်(၄၀၁)ခြေလျင်တပ်မ တပ်မမှူး ဗိုလ်မှူးကြီး အဲဆန်ဒါဆာ ကျဆုံး


(နိုင်ငံတကာ) အောက်တိုဘာ၂၁

အမှတ်(၄၀၁)ခြေလျင်တပ်မ (Iron Tracks)မှ တပ်မမှူး ဗိုလ်မှူးကြီး အဲဆန် ဒါဆာ သည် ဂါဇာမြောက်ပိုင်း ရှိ တိုက်ပွဲအတွင်းကျဆုံးခဲ့ကြောင်း အစ္စရေးစစ်ဘက်က အောက်တိုဘာလ ၂၀ ရက်ညပိုင်းတွင် ကြေညာခဲ့သည်။

ဗိုလ်မှူးကြီး ဒါဆာ သည် အသက် ၄၁ နှစ်အရွယ်ဖြစ်ပြီး အစ္စရေးနိုင်ငံ၊ ဒရူးဇ်မြို့တွင် နေထိုင်သူဖြစ်သည်။ ၎င်းကျဆုံးချိန်တွင် ဇနီးနှင့် ကလေးသုံးဦးကို ကျန်ရှိခဲ့ကြောင်း သိရသည်။

Walla သတင်းမှ ရေးသားချက်အရ ဗိုလ်မှူးကြီး ဒါဆာ သည် ၎င်းရဲ့တင်ကားကို ဗုံးထိမှန်ပြီးတိုက်ပွဲအတွင်း ကျဆုံးခဲ့သည်ဟုဆိုသည်။ အဆိုပါသတင်းအရ ဒါဆာ သည် စစ်ပွဲစတင်ချိန်မှစ၍ မြေပြင်တိုက်ပွဲအတွင်း ကျဆုံး သည့် အဆင့်အမြင့်ဆုံး အစ္စရေးစစ်တပ်အရာရှိဖြစ်ကြောင်း သိရသည်။

အစ္စရေးစစ်တပ်မှ ကျဆုံးခဲ့သည့် ဗိုလ်မှူးကြီး ဒါဆာနှင့်အတူ အမှတ်(၄၀၁)တပ်မမှ ခြေလျင်တပ်(၅၂)မှ အရာရှိတစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ဓာတ်ပုံထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဒဏ်ရာရရှိသူ အရာရှိကို ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း စစ်တပ်ကသတင်းထုတ်ပြန်ထားသည်။ အဆိုပါ အဖြစ်အပျက်တွင် ဗိုလ်မှူးကြီး ဒါဆာနှင့် ဒဏ်ရာရရှိသူ အရာရှိတို့သည် Jabalya ရှိ ကင်းစခန်း တစ်ခုနှင့် အကွာအဝေး ၂၀ မီတာအနီးတွင် တင့်ကားဗုံးထိမှန်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒါဆာ သည် ဗုံးထိမှန်မှု ဖြစ်ပွားပြီးပြီးချင်း ကျဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ဖော်ပြသည်။ ဒုတိယ လက်ဘနွန်စစ်ပွဲအတွင်း ဗိုလ်မှူးကြီး ဒါဆာ သည် အမှတ်(၇) တပ်မ၊ အမှတ်(၇၅)ခြေလျင်တပ်ဖွဲ့ နှင့် တင့်ကားဖြင့် ဟစ်ဇ်ဘိုလာတို့ကို တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

၂၀၂၀ ခုနှစ်တွင် ဒါဆာ သည် အမှတ်(၂၀၅) တပ်မ(Iron Fist)၏ တပ်မှူးအဖြစ်ခန့်အပ်ခြင်းခံခဲ့ပြီး၊ အမှတ်(၂၀၅)တပ်မသည် အမှတ်(၄၀၁)တပ်မနှင့် စစ်အင်အား တူညီသည့်တပ်မဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ဒါဆာ သည် ဂိုလန်တောင်ပေါ်နှင့် ဟာမွန်တောင် ဒေသများ၏ လုံခြုံရေးတာဝန်ကို ထမ်းဆောင်ရသည့် အမှတ်(၄၇၄)တပ်မမှူးအဖြစ် ခန့်ထားခြင်းခံခဲ့သည်။

၂၀၂၄ ခုနှစ် အစောပိုင်းတွင် အစ္စရေး-ဟာမတ်စ်စစ်ပွဲအတွင်း အမှတ်(၄၀၁)တပ်မမှူးအဖြစ် ဒါဆာ ကို တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN