ခရီးသည် ၉၀ ကျော်တင်ဆောင်လာသည့် “ရွှေရည်မျိုးအောင်” စက်လှေ နစ်မြုပ်


(ပြည်တွင်း) စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကျောက်ကာကျေးရွာမှ မြိတ်မြို့သို့ထွက်ခွာလာသည့် ဦးဝင်းရှီ ပိုင်ဆိုင်သော “ရွှေရည်မျိုးအောင်” စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်က ခရီးသည် ၉၀ ကျော်တင်ဆောင်သည့် “ရွှေရည်မျိုးအောင်” စက်လှေပေါ် ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး အများစုမှာ ကျောင်းသား/သူများဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ အလောင် ၁၆ လောင်းနှင့် အသက်ရှင်လွှတ်မြောက်လာသူ ၁၅ ဦးခန့်ရှိကြောင်းသိရပြီး ပျောက်ဆုံးနေသော လူဦးရေ ၆၀ ခန့်နှင့် စက်လှေအားရှာဖွေ လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN