ပေတောကုန်းပြည်ခိုင်ဖြိုးရပ်ကျေးဥက္ကဋ္ဌနှင့် အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

(မှုခင်း) အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ပေတောကုန်းကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦးနှင့်သာမန်အရပ်သားတစ် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရသည်။

အထက်မင်းလှ PDFအဖွဲ့ မှ ပေတောကုန်းကျေးရွာနေ ဦးမောင်ဟန် (၅၂) နှစ် ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဋ္ဌ အား အောက်တိုဘာ ၁၉ ရက်နေ့ ည ၉ နာရီခန့်က ကျေးရွာရေကန်၊ကန်ဘောင်သို့ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါကျေးရွာနေ ဦးတင်ဝင်း (၅၈) နှစ်အား ၎င်းနေအိမ်သို့ အကြမ်းဖက်သမား (၂၅) ဦးခန့်ရောက်လာပြီး သတ်ဖြတ်သွားသည်ဟု သိရသည်။

အဆိုပါ ကျေးရွာတွင်နေထိုင်သူနှစ်ဦးအား PDF အကြမ်းဖက်များမှ မည်သည့်အတွက် လာရောက်သတ်ဖြတ်သွားသည်ကို မသိရကြောင်း ဒေသခံများမှ PAN ကိုပြောဆိုထားသည်။