ကျောက်ပန်းတောင်းမြို့နယ်၌ အကြမ်းဖက် PDF များက အုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာသူ/သားများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေ


(ပြည်တွင်း) စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရဟန်းရှင်ပြည်သူများနှင့် ​အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ မကြာခဏလုပ်ဆောင်နေကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယမန်နေ့ညပိုင်းအချိန်က ကျောက်ပန်းတောင်းမြို့နယ်၊ ကူရွာကျေးရွာ၊ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တကောဏ္ဍည၊ သက်တော် ၅၅ နှစ်အား အကြမ်းဖက် PDF များက တပ်မတော်စစ်ကြောင်း ကူရွာသို့ရောက်ရှိစဥ်က ဆရာတော်၏ ကျောင်းတွင် အခြေပြုသွားသဖြင့် တပ်နှင့်ဆက်သွယ်၍ဟုဆိုကာ ဖမ်းဆီးသွားကြောင်း သိရသည်။

၎င်းအပြင် အကြမ်းဖက် PDF များသည် အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ရွာကျေးရွာနေ အုပ်ချုပ်ရေးမှုး ဦးချစ်သာ၊ အသက် ၅၃ နှစ်၊(ဘ)ဦးထွေးလှ(ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးကော်မတီဝင်)အား ဖမ်းဆီးသွားကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ အကြမ်းဖက် PDF များက အုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာသူ/သားများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်လာသည့်အပေါ် ဒေသခံပြည်သူများမှ များစွာစိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN