ကျောက်စရစ်ခဲများကို ယမ်းများသုတ်လိမ်းထားသော လူငယ် ၂ ဦးကို ပစ်ခတ်ဖမ်းဆီးရမိ


(မှုခင်း) အောက်တိုဘာ ၂၀

မွန်ပြည်နယ်၊ သထုံမြို့အတွင်း ယမန်နေ့ည ၈ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် လုံခြုံရေးအဖွဲ့များမှလှည့်ကင်းဆောင်ရွက်နေစဉ် သေနတ်သံကဲ့သို့သော အသံကြားရသောကြောင့်သွားရောက်စစ်ဆေးစဥ် လူငယ် ၃ ဦးမှ စစ်ဆေးမခံပဲ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ထိုသို့ သေနတ်သံကဲ့သို့ အသံကြားရသဖြင့် လုံခြုံရေးအဖွဲ့မှ သထုံမြို့အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်ရှိ “စည်သူထွန်း” စားသောက်ဆိုင်အနီးတွင် သွားရောက်စစ်‌ဆေးစဥ် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ် ၃ ဦးကို တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးရန်ဆောင်ရွက်စဥ် အစစ်ဆေးမခံပဲ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ မင်းချစ်သူ၊ အသက် ၁၇ နှစ်၊ (ဘ)ဦးဇင်မင်း ၏ ဝဲဘက်ခြေသလုံး နှင့် အာကာဖြိုး၊ အသက် ၁၇ နှစ်၊ (ဘ)ဦးနိုင်ငံ၏ ဝဲ ခြေသလုံး နှင့် ယာ ပေါင်တို့ ဖောက်ဝင် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

၎င်းတို့ထံမှ ကျကျန်ခဲ့သည့် ကျွတ်ကျွတ်အိတ်အမည်းအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကျောက်စရစ်ခဲ ၈ လုံးခန့်တွင် ယမ်းများသုတ်လိမ်းထားကြောင်း တွေ့ရှိခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိ တရားခံသူများကို သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ဆေးကုသနိုင်ရေး ပို့ဆောင်ဆောင်ရွက်ခဲ့ရှိပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN