ရွှေဘုန်းပွင့်စေတီသို့ ဆီးမီးပူဇော်ရန်သွားသည့် အမျိုးသမီးကို အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်သတ်


(ပြည်တွင်း)စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပွတ္တိုင်ကျေးရွာ၌ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က ပွတ္တိုင်ကျေးရွာနေ မချယ်ရီဝင်း(ခ)မချယ်(ပြည်ခိုင်ဖြိုးပါတီဝင်)၊ အသက် ၄၀ နှစ်၊(ဘ)ဦးကံလှသည် ရွာလယ်ရှိရွှေဘုန်းပွင့်စေတီအနီးတွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဂျိုင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ပြင် နောက်ကြောဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူ မချယ်ရီဝင်း(ခ)မချယ်မှာ နေအိမ်မှ ပွတ္တိုင်ကျေးရွာ၊ရွာလယ်ရှိ ရွှေဘုန်းပွင့်စေတီသို့ ဆီးမီးပူဇော်ရန်အတွက် တစ်ဦးတည်းလမ်းလျောက်သွားစဥ် ရွှေဘုန်းပွင့်စေတီ အနီးအရောက်တွင် နောက်မှ ဆိုင်ကယ် ၂ စီးဖြင့် အမည်မသိ အမျိုးသား ၄ ဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ လာရောက်ပစ်ခတ်သွားသူ အမည်မသိအမျိုးသား ၄ ဦးသည် ရန်ပုံနှစ်-ကြက်ဆင်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဓဒသခံများ၏ပြောကြားချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN