မြောက်ဥက္ကလာတွင် ဆရာမတစ်ဦးထံမှ ပစ္စည်းလုယက်သူအား ဖမ်းဆီးရမိ


(မှုခင်း) အောက်တိုဘာ ၁၉

ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ရန်ကုန်းတိုင်းဒေသကြီး၊ ​မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက္ကဝတ်(၂)လမ်းတွင် ​ကျောင်းဆရာမ ၁ ဦးထံမှပစ္စည်းများ လုယူသွားသူကို ဖမ်းဆီးရမိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ အမက(၄၃)မှ မူလတန်းပြဆရာမ​ ဒေါ်နွယ်ရည်မွန်သည် စက်ဘီးဖြင့်အိမ်ပြန်လာစဉ်စက္ကဝတ် (၂) လမ်းအ​ရောက်၌ ဆိုင်ကယ်စီးလာသူတစ်ဦးက ဆရာမ၏စက်ဘီးခြင်းအတွင်းမှ မိုဘိုင်းဖုန်းတစ်လုံး၊ သန်း​ကောင်စာရင်း​ကောက်ရန်ထုတ်​ပေးထားသည့် မန်မိုရီစတစ်နှင့် Power Bank တို့ ထည့်ထား​သောလွယ်အိတ်ကို လုယူသွားခဲ့သဖြင့် လုံခြုံ​ရေးတပ်ဖွဲ့က ပိတ်ဆို့ရှာ​ဖွေရာ ယင်းနေ့ ည​​နေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လုယက်သူတရားခံ ထက်မြက်ကိုကို (ဆိုင်ကယ်ကယ်ရီ​မောင်းသူ)အား သက်​သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိ​ကြောင်းသိရပြီး ပစ်မှုကျူးလွန်သူအား
ဥပဒေနှင့် အညီ ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN