မိတ္ထီလာမြို့နယ်တွင် ရာအိမ်မှူးဖြစ်သူအား အကြမ်းဖက် PDF အဖွဲ့မှ လည်လှီးသတ်ဖြတ်


(ပြည်တွင်း)စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဂွေ့အိုင်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာနေ ရာအိမ်မှူးဖြစ်သူအား အကြမ်းဖက် PDF အဖွဲ့က ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က ရွာတန်းရှည်ကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးသိန်းဟန်၊ အသက် ၅၈ နှစ်၊ (ဘ)ဦးအောင်ကြည်(ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးအတွင်းရေးမှုု)သည် နေအိမ်၌ရှိနေစဉ်လက်နက်ငယ် ကိုယ်စီကိုင်ဆောင်ထားသော အကြမ်းဖက် PDF အဖွဲ့၊ အင်အား ၃ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဦးသိန်းဟန်အား ဖမ်းဆီးချုပ်နှောင်ကာ လည်ပင်းအား ဓားဖြင့်လှီးခဲ့သဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

၎င်းနောက် အကြမ်းဖက် PDF များသည် မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာဘက်သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN