မဟာအောင်မြေနှင့် ကျိုင်းတုံမြိုနယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


(မှုခင်း) စက်တင်ဘာ ၁၉

မဟာအောင်မြေနှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် အောက်တိုဘာ ၁၇ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ၅၈ လမ်း၊ ၄၁ x ၄၂ လမ်းကြားတွင် မခွန်မိုင်မောင်းနှင်လာသည့် SUZUKI SWIFT အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၂၉၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အလားတူ ယင်းနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ် မိုင်းလပ်ကျေးရွာအုပ်စု ဝမ်နွဲကျေးရွာအနီးတွင် အားဟူမောင်းနှင်ပြီး အားထေ့လိုက်ပါလာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN