တောင်ကြီးတန်ဆောင်တိုင် နိုဝင်ဘာ ၉ ရက်နေ့စတင် ကျင်းပမည်

(ပြည်တွင်း) အောက်တိုဘာ ၁၉

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများအကြား သုံးနှစ်ကြာ ခေတ္တရပ်နားခဲ့ရသည့် တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၂၃ ခုနှစ်မှစ ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နို၀င်ဘာလ (၉)ရက်နေ့မှ (၁၅)ရက်အထိ (၇) ရက်တိုင်တိုင် ကျင်းပသွားမည်ဟု သိရသည်။

ခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ခြင်း ဒေသထွက် အစားအစာများနှင့် အသုံးအဆောင်များ ရောင်းချနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ်ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားပြီး ပြည်တွင်းပြည်ပ ခရီးသွားများပါ စိတ်ဝင်စားသည့် ရိုးရာပွဲတော်တစ်ခု ဖြစ်သည်။

#PAN