တရုတ်ကောင်စစ်ဝန်ရုံးအား အကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ပစ်ခတ်


(ပြည်တွင်း)စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါလမ်းကြားရှိ တရုတ်ကောင်စစ်ဝန်ရုံး ယမန်နေ့ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က အကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်ဗုံးမှာ တရုတ်ကောင်စစ်ဝန်ရုံး၊ ခြံစည်းရိုးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ လုံခြုံရေးတာဝန်ရှိသူများမှ တရုတ်ကောင်စစ်ဝန်ရုံးအနီး လမ်းများကို ပိတ်ထားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်သွားသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN