ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းအုပ်စု၊ ဂုဏ်မင်းအင်းကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွ

(မှုခင်း) အောက်တိုဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းအုပ်စု၊ ဂုဏ်မင်းအင်းကျေးရွာတွင် ယမန်နေ့ည ၇ နာရီအချိန်ခန့်က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဂုဏ်မင်းအင်းကျေးရွာ၊ ရွာထိပ်ပိုင်းရှိ လူနေအိမ် အုတ်ညှပ်သွပ်မိုးထရံကာ နှစ်ထပ်အိမ်၌ နေအိမ်အပေါ်ထပ် ဘုရားစင်တွင် အောက်ခံခွက်မပါပဲ ဖရောင်းတိုင်မီး ပူဇော်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းရရှိသဖြင့် ၇ နာရီ ၂၀ မိနစ်အချိန်တွင် အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော် ဦးဆောင်၍ မီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ရာ ၇ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် လူနေအိမ် (၇) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN