စန်းရတနာလ္ဘက်ရည်ဆိုင်တွင် လက္ဘက်ရည်ထိုင်သောက်နေသူ နှစ်ဦးအား အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်


(မှုခင်း) စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၈×၃၆ လမ်းထောင့်ရှိ စန်းရတနာလ္ဘက်ရည်ဆိုင်တွင် လက္ဘက်ရည်ထိုင်သောက်နေသူနှစ်ဦးအား အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၈ နာရီ ၃၀ မိနစ်ကျော်အချိန်ခန့်က ဦးဇော်မင်းထက်(ခ)ဖက်တီး၊ အသက် ၄၂ နှစ်၊ (ဘ)ဦးကျော်စိုး၊ လျှပ်စစ်လုပ်ငန်း၊ ၅၈×၅၉ လမ်းကြား၊ ၃၅×၃၆ လမ်းကြား၊ ရွှေဂဲပွားရပ်၊ ရဲမွန်တောင်ရပ်ကွက်နေသူနှင့် ကိုသိန်းသန်းထွေး၊ အသက် ၃၀ နှစ်၊ (ဘ)ဦးတင်အောင်၊ သံပန်းလုပ်ငန်း၊ ၃၆လမ်း၊ ၅၇×၅၈ လမ်းကြား နေသူတို့ ၂ ဦး လ္ဘက်ရည်ထိုင်သောက်နေစဉ် ၃၆×၅၈ လမ်းထောင့်ဘက်မှ အမည်မသိအမျိုးသား ၁ ဦး ခြေလျင်ပြေးဝင်လာပြီး လ္ဘက်ရည်ထိုင်သောက်နေသော
ဦးဇော်မင်းထက်(ခ)ဖက်တီးအား သေနတ်ဖြင့်ပစ်ခတ်ရာ ကျည်မထွက်ဘဲ ကျည်ကဒ်အောက်ပြုတ်ကျသဖြင့် သေနတ်ဖြင့်ပစ်ပေါက်၍ ၅၈ လမ်းအတိုင်း၊ မြောက်ဘက် ၃၅ လမ်းဘက်သို့ ထွက်ပြေးသွားရာ ရပ်ကွက်နေပြည်သူများမှ လိုက်လံဖမ်းဆီးသော်လည်း မတွေ့ရှိတော့ကြောင်း အနီးဝန်းကျင်ရှိပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်နေရာတွင် G-LOCK တံဆိပ်ပါ သေနတ် ၁ လက်၊ ကျည်ကဒ်(၁)ခု၊ THAI Arms Auto 380 ကျည် ၃ တောင့် ကျန်ရှိခဲ့ကြောင်း၊ တရားခံဖမ်းဆီးရမိရေး CCTV မှတ်တမ်း လိုက်လံကြည့်ရှုခြင်း၊ ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN