အာဆီယံယဉ်ကျေးမှုနေ့ အခမ်းအနားတွင် မြန်မာသံရုံးမှ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မိတ်ဆက်ပြသ


(နိုင်ငံတကာ) အောက်တိုဘာ ၁၈

ဝါရှင်တန်ဒီစီမြို့အခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများက အာဆီယံယဉ်ကျေးမှုနေ့ (ASEAN Culture Day) အခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်မှာWashington D.C. Temple၊ Church of Jesus Christ of Latter-day Saints(CJCLS)၊ Visitors’ Center ၌ကျင်းပခဲ့ရာ ဝါရှင်တန်မြို့မှ မြန်မာသံရုံး၊ ယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း၊ သံရုံးတာဝန်ရှိသူများနှင့် မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သိရပါတယ်။

အဆိုပါအခမ်းအနားကို ဝါရှင်တန်ဒီစီမြို့ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ/သံရုံးအကြီးအကဲများ၏ ဇနီးများဦးဆောင်ပြီး ယင်းသံရုံးများမှ အမျိုးသမီးသံတမန်များမှ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အာဆီယံအမျိုးသမီး အသင်း(ASEAN Spouses’ Circle)က ကြီးမှူးကျင်းပခြင်းခဲ့ခြင်း ဖြစ်ပါတယ်။

အခမ်းအနားတွင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကဖွဲ့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ပြီး မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရေး မြန်မာ့ရှုခင်းသာ ဗီဒီယိုပြကွက်များဖြင့် မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားတွင် မြန်မာသံရုံးမှ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကအဖွဲ့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခြင်းအပြင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မြန်မာ့ရှုခင်းသာ ဗီဒီယို ပြကွက်များအား မိတ်ဆက်ပြသခဲ့ပြီး၊ ပိုစတာ/ ဓာတ်ပုံနှင့် ပန်းချီကားများ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အခမ်းအနား တက်ရောက်လာကြသူများအား အာဆီယံသံရုံးများမှ နိုင်ငံအလိုက် ရိုးရာသီချင်းနှင့် အကများ၊ ရိုးရာဝတ်စုံ ဖက်ရှင်သရုပ်ပြမှုစသည့် အနုပညာတင်ဆက်မှုများဖြင့် ဖျော်ဖြေခဲ့ပြီး၊ ရိုးရာစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီး အခမ်းအနားသို့ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံတမန်များ၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အခြားအေဂျင်စီများမှ ဧည့်သည်တော် ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

Webpage>>…
https://positiveanglenews.com/2024/10/18/မိုးလေဝသနှင့်-ဇလဗေဒဦးစီ/

VK Link>>…
https://vk.com/wall-220066330_8740

Telegram»…
https://t.me/positiveanglenews

PAN