အရိုးပွရောဂါဖြစ်ခြင်းရဲ့ အကြောင်းအရင်းများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၁၉

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အရိုးပွရောဂါဖြစ်ခြင်းရဲ့ အကြောင်းအရင်းများကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    နေရောင်ခြည်မခံခြင်းကလည်း အရိုးပွစေပါတယ်။ ဗီတာမင်ဒီဓာတ်ဟာ နေရောင်ခြည်ရဲ့ အထောက်အကူနဲ့ အရေပြားမှာဖွဲ့စည်းပြီး အရိုးတွေကို သန်မာစေတဲ့ဓာတ်ပဲ ဖြစ်ပါတယ်။

       ဆားအစားများလွန်းခြင်းက ကျန်းမာရေးအတွက် မကောင်းပါဘူး။ အငန်စားတာသိပ်များလွန်းတဲ့ သွေး ဆုံးပြီးစ အမျိုးသမီးတွေတိုင်းမှာ အရိုးပွအရိုးကျိုးဖို့ အလားအလာများတတ်ကြပါတယ်။ လှုပ်ရှားမှုနည်း ပါးပြီး လဲလျောင်းအိပ်စက်တာများခြင်းက အသက်မကြီးခင် အရိုးပွခြင်း ဖြစ်တတ်ပါတယ်။

       အရက်သောက်လွန်းသူမှာလည်း အရိုးပွတဲ့ရောဂါများ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဆော်ဒါတွေ၊ အချိုရည် တွေမှာပါဝင်တဲ့ ဖော့စဖရပ်ဓာတ်ဟာ အရိုးတွေက ကယ်လဆီယမ်ပမာဏကို သိသိသာလျော့နည်းစေတာမို့ အချိုရည်သိပ်မသောက်ကြပဲ သဘာဝရေသန့်ကိုသာ သောက်သုံးကြဖို့ အကြံပြုပါတယ်။

       အသားဓာတ်က အရိုးကျန်းမာရေးအတွက်ကောင်းပေမယ့် ပရိုတင်းအစားသိပ်များလွန်းတဲ့အခါ ကျောက်ကပ်ကနေ ကယ်လ်ဆီယမ်စွန့်ထုတ်နှုန်း ပိုများလာပါတယ်။ ကယ်လဆီယမ် ဆုံးရှုံးမှုပိုများလေလေ အရိုး ကျစ်လစ်အား ကျလေပါပဲ။

        ကော်ဖီသောက်ခြင်းက ကျန်းမာရေးကို ကောင်းစေပါတယ်။ ဒါပေမယ့် အရိုးပွတာကိုတွန်းအားပေး နေတာက ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ပါတဲ့။ မနက်စောစော ကော်ဖီသောက်တဲ့အကျင့်ကို အသက်ရလာတာနဲ့ အမျှ ရှောင်ကြဉ်လျှော့ချနိုင်မယ်ဆိုရင်တော့ အလွန်ကောင်းမွန်ပါတယ်။ ပိန်လွန်းတာ၊ အာဟာပြည့်ဝအောင်မစားတာတွေက အရိုးကျန်းမာရေးကို ယိုင်နဲ့စေတဲ့အပြင် ပိန်ပါးသူ တွေဟာ အရိုးစွမ်းဆောင်ရည် အားနည်းနေတတ်တာကို တွေ့ရပါတယ်။ 

#PAN