ကမ္ဘာ့ဖလားကျင်းပမည့် ဗန်ကူးဗားအားကစားကွင်းသို့ အင်ဖန်တီနို လာရောက်လည်ပတ်


(အားကစား) အောက်တိုဘာ ၁၈

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ဟာ အောက်တိုဘာလ ၁၆ ရက်က ကနေဒါနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ် ၇ ပွဲကို လက်ခံကျင်းပမယ့်ဗန်ကူးဗားအားကစားကွင်းသို့ လာရောက်လည်ပတ်ခဲ့ပါတယ်။ ဗန်ကူဗားအားကစားကွင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် ၅ ပွဲ၊ ၃၂ သင်းနဲ့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ် တစ်ပွဲစီကို လက်ခံကျင်းပခွင့်ရမှာဖြစ်တယ်လို့ ဖီဖာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဥက္ကဋ္ဌ အင်ဖန်တီနို ကတော့ အခုကွင်းကြီးမှာ ကနေဒါလက်ရွေးစင်အသင်းအနေနဲ့ အနည်းဆုံးကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၂ ပွဲ ကစားခွင့်ရမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဗန်ကူးဗားအားကစားကွင်းအတွင်း လှည့်လှည် ကြည့်ရှုချိန်မှာ အင်ဖန်တီနို နဲ့အတူ ဗန်ကူးဗားမြို့တော်ဝန်၊ ကနေဒါနိုင်ငံ အားကစားဆိုင်ရာတာဝန်ရှိသူတွေ ပါဝင် ခဲ့တာဖြစ်ပြီး ကနေဒါနိုင်ငံနဲ့ ဗန်ကူးဗားမြို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုတွေက အားရကျေနပ် စရာ ကောင်းပါတယ် လို့ အင်ဖန်တီနို က မှတ်ချက်ပေးသွားခဲ့ပါတယ်။

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်တွေအဖြစ် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN