DEMU ရထားတွဲများဖြင့် ပြေးဆွဲမည့်လမ်းကြောင်းတစ်လျှောက်ရှိ ဘူတာပလက်ဖောင်းများ ပြင်ဆင်မှုများဆောင်ရွက်


(ပြည်တွင်) စက်တင်ဘာ ၁၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ စပိန်နိုင်ငံထုတ် Diesel Electric Multiple Unit(DEMU) ရထားတွဲဆိုင်းများဖြင့် ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် စမ်းသပ်ပြေးဆွဲနေရာလိုက်ပါစီးနင်းသည့် ခရီးသွား ပြည်သူများ အဆင် ပြေချောမွေ့မှုရှိစေရန်အတွက် ရထားဘူတာပလက်ဖောင်းများရဲ့ အမြင့်ကို ထပ်မံတိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

အဆိုပါလုပ်ငန်းများကို အောက်တိုဘာလအတွင်း ဆောင်ရွက်လျက်ရှိပြီး ရထားစီးခရီးသည်များ အခက်အခဲမရှိစေရန် မူလအမြင့် ၄ ပေရှိသည့် ဘူတာပလက်ဖောင်းများအား နောက်ထပ် ၁ ပေခွဲထပ်မံမြှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

ရထားဘူတာများတွင် ပလက်ဖောင်းများမြှင့်တင်ခြင်းကို လာမည့်နိုဝင်ဘာလအတွင်း မြို့ပတ်အထူးရထားအဖြစ် ပြေးဆွဲသွားမည့်လမ်းပိုင်းရှိ ဘူတာများအတွက်ပါ အဆင်ပြေစေရန် ပြင်ဆင်မှုများဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ခရီးဝေးပြေးဆွဲနိုင်သည့် စပိန်နိုင်ငံထုတ် အခြားသောရထားတွဲဆိုင်းများကိုလည်း တင်သွင်းထားရှိကာ ရထားဘူတာများကို လိုအပ်သည့်ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေပြီး လက်ရှိတွင် ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် စမ်းသပ်ပြေးဆွဲနေသည့် ရထားကို စီးနင်းသူများ နေ့စဉ်တိုးမြင့်၍ လိုက်ပါစီးနင်းလျက်ရှိကြောင်း သိရပါတယ်။

DEMU ရထားတွဲဆိုင်းများကို လိုက်ပါစီးနင်းသူများကလည်း စိတ်ဝင်စားမှုများပြားခဲ့ပြီး တွဲဆိုင်းများပျက်စီးမှု မရှိစေရန်အတွက် စည်းကမ်းတကျအသုံးပြုကြရန် မြန်မာ့မီးရထားနှင့် လိုက်ပါစီးနင်းသူများကပါ အကြံပြုတိုက်တွန်း မှုများ ဆောင်ရွက်လျက်ရှိတာကိုလည်း တွေ့ရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN