ပဲခူးမြို့တွင် ကျင်းပသော သီတင်းကျွတ်မီးထွန်းပွဲတော် ကြက်ပျံမကျစည်ကား


(ပြည်တွင်း) အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ကျင်းပပြုလုပ်နေသော သီတင်းကျွတ်မီးထွန်းပွဲတော်အား အောက်တိုဘာလ ၁၅/၁၆/၁၇/၁၈ ရက်နေ့ညများတွင် မြို့နယ်အတွင်းရှိ ရပ်ကွပ်/ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူ သိန်းနဲ့ချီ၍ လာရောက်လည်ပတ်နေသဖြင့် ကွကျပြံမကစည်ကားနေကြောင်း သိရသည်။

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ သီတင်းကျွတ်လပြည့်နေ့၊ (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ(၁၇)ရက်နေ့၊ ညပိုင်းအချိန်တွင် ဆီမီး(၁၀၀၀၀)ထွန်းညှိပူဇော်ပွဲ ကျင်းပပြု လုပ်ခဲ့ပြီး သီတင်းကျွတ်ပွဲတော်ကာလတွင် ပဲခူးမြို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူး၍ ပထမအကြိမ် အရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ဥဒကဒေသစာရီ လှည့်လည်အပူဇော်ခံခဲ့ပြီး စံကျောင်းတော်သို ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှော်ပူဇော်ပွဲ မင်္ဂလာမုဒ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း၊ ပွဲတော်သို့လာရောက်လည်ပတ်သူ မိဘပြည်သူများ စိတ်ချမ်းသာမှုနှင့် စိတ်အပန်းဖြေနိုင်စေရန် မိန်း လမ်းမကြီးများပေါ်၌ ရောင်စုံအလှမီးဆိုင်းများနှင့် ဓါတ်ပုံရိုက်ရန်အတွက် မီးထွန်းအရုပ်များ ထားရှိပေးကာ၊ စျေးရောင်းပွဲတော်များ ထည့်သွားထားရှိခြင်းကာ မီးမျှောပူဇော်ခြင်း အခမ်းအနားအားပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် သီတင်းကျွတ်မီးမျှောပွဲကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆရာတော်ကြီး (၅)ပါးအား အာရုဏ်ဆွမ်း ဆပ်ကပ်ခြင်း၊ ဆရာတော်ကြီး (၅)ပါးမှ ပရိတ်ရွတ်ဖတ်ခြင်းနှင့် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးအား ဖောင်တော်ပေါ်သို့ ပင့်ဆောင်ပူဇော်ခြင်း။

ညပိုင်းတွင် သီတင်းကျွတ်မီးမျှောပူဇော်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းနှင့် ဆီမီးမျှောပွဲ ပြုလုပ်ခြင်း၊ ညနေ (၄)နာရီမှ ည(၇)နာရီအထိ ဓမ္မစင်္ကြာအဖွဲ့များမှ ပရိတ်၊ ပဌာန်းများအား အလှည့်ကျ ရွတ်ဖတ် ပူဇော်ခြင်းနှင့် မီးမျှော ပူဇော်ခြင်း၊ အောက်တို့ဘာလ ၁၇ ရက်နေ့ နံနက်(၉)နာရီအချိန် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ပဲခူးမြစ်အတွင်းသို့ မျှောချပူဇော်ခြင်း၊ ဖျော်ဖြေရေးယဥ်ဖြင့် တေးဂီတသီချင်းများ လှည့်လည်ဖျော်ဖြေခြင်း၊ အငြိမ့်/ဇာတ်သဘင်၊ ဆပ်ကပ်တို့ဖြင့် ဖျော်ဖြေခြင်းတို့ကို ဆောင်ရွှက်ထားရှိသဖြင့် အများပြည်သူမှ စိတ်နှလုံးချမ်းမြေ့ ပျော်ရွှင်စွာ လာရောက်အပန်းဖြေ လျှက်ရှိသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

Telegram»…
https://t.me/positiveanglenews

PAN