တောင်ကိုရီးယားက ဒရုန်းများလွှတ်တင်ပြီးနောက် မြောက်ကိုရီးယား၌ စစ်မှုထမ်းလိုသူ ၁ ဒသမ ၄ သန်း လာရောက်စာရင်းပေးသွင်း


(နိုင်ငံတကာ) စက်တင်ဘာ ၁၇

တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားဘက်သို့ ဒရုန်းများလွှတ်တင်ကာ ဝါဒဖြန့်စာရွက်များ ကြဲချပြီး‌နောက် မြောက်ကိုရီးယားတပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းလိုသဖြင့်မိမိသဘောဆန္ဒအလျောက် လာရောက်စာရင်းပေးသူ လူငယ် ၁ ဒသမ ၄ သန်းရှိကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်။

ထို ၁ ဒသမ ၄ သန်းမှာ အောက်တိုဘာလ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်အတွင်းမှာပင် မိမိဆန္ဒအလျောက် လာရောက်စာရင်းပေးသူများဖြစ်ပြီး အချို့မှာ ပြန်လည်စစ်မှုထမ်းရန် စာရင်းပေးသူများဖြစ်ကြောင်း သတင်းဌာန၏ ဖော်ပြချက်တွင် တွေ့ရသည်။

တောင်ကိုရီးယားက ထိုကဲ့သို့ဒရုန်းများ လွှတ်တင်ကာ မြောက်ကိုရီးယားမကောင်းကြောင်း ဝါဒဖြန့်လက်ကမ်းစာစောင်းများ ကြဲချမှုသည် အချုပ်အခြာအာဏာကို ဆိုးဝါးစွာ ချိုးဖောက်ခြင်းဖြစ်သည်ဟုမြောက်ကိုရီးယားအစိုးရက သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် မြောက်ကိုရီးယား၏ စွပ်စွဲမှုကို တောင်ကိုရီးယားက ငြင်းဆိုထားသည်။ တစ်ချိန်တည်းမှာပင် ထိုသို့ ဒရုန်းများလွှတ်တင်မှုကို တက်ကြွလှုပ်ရှားသူများက လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပွားပြီးနောက် မြောက်ကိုရီးယားက နှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် ကားလမ်းမှလမ်းပိုင်းအချို့ကို အောက်တိုဘာလ ၁၅ ရက်တွင်ဖောက်ခွဲ လိုက်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN