(ပြည်တွင်း) အောက်တိုဘာ ၁၇
ရေကြီးမှုဖြစ်စဉ်တွင်ပြိုကျသွားခဲ့သည့် ဆိုက်ခေါင်ကွန်ကရစ်တံတားအား အစားထိုးတည်ဆောက်ပေးနေသော ယာယီဘေလီတံတားသည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်နှစ်အချိန်ခန့်က ပြန်လည်ပြိုကျခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီဘေလီတံတားသည် တံတားကြမ်းခင်းခင်းနေစဉ် ဘေလီနှစ်ခုဆက်သည့် အလယ်နေရာမှနေ၍ ချောင်းအတွင်းသို့ ထက်ပိုင်းကျိုးပြတ်ကျသွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း၊ တံတားကျိုးကျမှုကြောင့် လမ်းမပွင့်နိုင်သေးပဲ MPT ဖုန်းလိုင်းလည်းပြတ်တောက်သွားခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွက် ဘေလီ ပေ ၁၆၀ အရှည်အသစ်တစ်စုံခွင့်ပြုချထားပေးပြီး ပေ(၇၀)မှာ ဆိုက်ခေါင်တံတားထိပ်တွင် အသင့်စုပုံထားပြီးဖြစ်ကာ ကျန်ဘေလီသံဘောင်ပေ (၉၀)မှာယနေ့တွင် တောင်ကြီးနှင့် မိုင်းပန်အကြားသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ အဆိုပါ ဆိုက်ခေါင်တံတားအား အသစ်ခွင့်ပြုပေးထားသော ပေ(၁၆၀)ဘေလီသံဘောင်အသစ်များဖြင့်သာ တံတားထိုးသွားရန်ညွှန်ကြားလာသဖြင့်ယခုအခါ လက်ရှိ ဆိုက်ခေါင်တံတားတွင် တံတားထိုး အသုံးပြုထားသော ဘေလီသံဘောင်များအားလုံးအား ပြန်လည်ဖြုတ်သိမ်းလျှက်ရှိ ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews