ဂျပန်နိုင်ငံက မြန်မာလုပ်သား ၄၀၀ ကျော် ထပ်မံခေါ်ယူရန်ကမ်းလှမ်း


(ပြည်တွင်) စက်တင်ဘာ ၁၇

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၄၀၀ ကျော်ကို ထပ်မံခေါ်ယူသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးမှ ထုတ်ပြန်ထားပါတယ်။

မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီး ဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ(Demand Letter)များကို စိစစ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများအနေနဲ့ ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိကို စာရွက်စာတမ်း အထောက်အထားများ စိစစ်စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက် ရှိပါတယ်။

မြန်မာသံရုံးက Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်အထိလက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၀၄ ခုရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN