သဘာဝဘေးကြောင့် တောင်ပြို၊ ပိတ်ဆို့ခဲ့သည့်  ကျိုင်းတုံ-ပန်လီ-မိုင်းခုတ်-မိုင်းဆတ် လမ်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီး၍ မော်တော် ယာဉ်များ သွားလာနိုင်ပြီ

(ပြည်တွင်း)အောက်တိုဘာ ၁၆

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း စက်တင် ဘာလ ၉ ရက် မှ ၁၂ ရက်နေ့အထိ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် လမ်းအရှည် ၁၀၅ မိုင် အကျယ် ၁၈ ပေ ရှိ  ကျိုင်းတုံ-ပန်လီ-မိုင်းခုတ်-မိုင်းဆတ်သွားကားလမ်းပေါ်၌ တောင်ပြိုပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

       အဆိုပါ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့် နေရာများအား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင်နှင့် မိုင်းဆတ်ခရိုင် လမ်းဦးစီးဌာနများမှသက်ဆိုင်ရာ လမ်းအပိုင်းအလိုက် စက်တင်ဘာ လ ၁၁ ရက်နေ့မှစတင်၍  ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယခုအခါ မော်တော် ယာဉ်များ သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

      ယင်းသို့ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အောက်တို ဘာလ ၁၄ ရက်  နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် နှင့် တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#PAN