အမ်းမြို့ ကံ့ကော်တစ်ထောင်ဘုရားအနီးတိုက်ပွဲမှ AA အလောင်းများနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

(ပြည်တွင်း) အောက်တိုဘာ ၁၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မီးလောင်ချောင်းရွာ၊ ကံ့ကော်တစ်ထောင်ဘုရားအနီးတွင် နယ်မြေရှင်းလင်းနေသော တပ်မတော်စစ်ကြောင်းတစ်ခုကို အကြမ်းဖက် AA ၁၄၀ ဦးခန့်က လက်နက်ကြီး/ငယ်များ ပစ်ခတ်၍ သာလွန်အင်အားဖြင့် ၄ ကြိမ်တိုင်တိုင် ဝင်ရောက် တိုက်ခိုက်သည့်အတွက် အောက်တိုဘာ ၁၂ ရက်၊ နေ့လည် ၁ နာရီချိန်ခန့်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အဆိုပါစစ်ကြောင်းမှ အရာရှိ/စစ်သည်များ၏ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်မှု၊ လေကြောင်းနှင့် အမြောက်ပစ်ကူများ၏ တိကျထိရောက်သောပစ်ကူပေးမှုတို့ကြောင့် ရန်သူမှာ အကျအဆုံးများစွာနှင့် ၎င်းတို့အလောင်း/လက်နက်များဆွဲ၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နေရာအား တပ်မတော်စစ်ကြောင်းမှ အသေးစိတ်ရှင်းလင်းရာ ကျန်ရစ်ခဲ့သော အကြမ်းဖက် AA အလောင်း ၁၂ လောင်း၊ သေနတ် ၇ လက်၊M-22 သေနတ် ၆ လက်၊ စက်ကလေး ၁ လက်၊ ကျည်မျိုးစုံ ၅၀၀ ခန့်၊ ကျည်အိမ်မျိုးစုံ ၁၅ ခုနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

အကြမ်းဖက် AA အဖွဲ့များ၏ အချင်းချင်း ဆက်သွယ်ပြောဆိုမှု ကြားဖြတ်သတင်းများအရ အဆိုပါတိုက်ပွဲတွင် AA ၃၀ ကျော် သေဆုံးပြီး ပျောက်ဆုံး ၁၁ ဦးခန့်ရှိကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#PAN