သံဃာတော် ၄ ပါးကို ကလေးPDF အဖွဲ့မှဖမ်းဆီး


(မှုခင်း) အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၄ ကျောင်းမှ ဆရာတော် ၄ ပါးကို အကြမ်းဖက် PDF များမှ ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ ဆရာတော် ၄ ပါးအား အောက်တိုဘာ ၁ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်းသိရပြီး မည်သည့်အတွက်​ကြောင့်ဖမ်းဆီးသွားသည်ဆိုသည်ကိုမသိရကြောင်း တမူးခရိုင် သံဃနာယကဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

ဖမ်းဆီးခံရသည့် ဆရာတော်များမှာ ရန်မျိုးအောင်ရွာကျောင်းဆရာတော်၊ လက်ဆေးကန်တောရဆရာတော်၊ ဇိုလင်း ဆရာတော်နှင့်ကံအောင်ရွာဆရာတော်တို့ဖြစ်ကြောင်းသိရသည်။

တမူးခရိုင် သံဃာနာယက ဆရာတော်မှ တရားဥပဒေနှင့်အညီစိစစ်ပြီး ပြန်လွှတ်ပေးရန် NUGအဖွဲ့ထံ စာရေးတောင်းဆိုထားသော်လည်း ယခုအချိန်ထိ တစုံတရာအကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း အခုလိုတောင်းဆိုရသည့် အပေါ်တွင်လည်း ၎င်းအနေဖြင့်လုံခြုံရေးအရ စိုးရိမ်ထိတ်လန့်နေရကြောင်း ပြောကြားထားသည်။

#PAN