ပုသိမ်-မုံရွာလမ်းတစ်နေရာကို PDF မိုင်းခွဲ

(ပြည်တွင်း) အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ပုသိမ် မုံရွာလမ်းမ မဲဇလီစခန်း မြောက်ဘက် တမိုင်ခန့်အကွာ ထနောင်းရိပ်ထမင်းဆိုင်မြောက်ဘက် ကားလမ်းတစ်နေရာအား PDF အကြမ်းဖက်များမှ မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

PDF အကြမ်းဖက်များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် အနက် ၂ ပေခန့်ရှိ ကတ္တရာလမ်း ချိုင့်ကျင်းဖြစ်သွားခဲ့သည့်အတွက် ခရီးသွားကားများ ကုန်တင်နှင့် လူစီးကားများမှ ဘေးမြေသားလမ်းမှနေ၍ ကွေ့ပတ်သွားလာနေကြရကြောင်း သိရသည်။

ထိုသို့ မိုင်းခွဲဖျက်ဆီးမှုမှာ စစ်ကြောင်း စစ်ကူအလွယ်တကူမလာနိုင်စေရန် လမ်းဖျက်အား ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှပြောသည်။

၎င်းတို့၏ စစ်ရေးရည်မှန်ချက်အတွက် ပြင်ဆင်ထားခြင်းဖြစ်ပြီး မဲဇလီတိုက်နယ်ဆေးရုံဝန်းကျင်တွင်လည်း မိုင်းများထောင်ထားသကဲ့သို့ မဲဇလီစခန်းကို ဝိုင်းပတ်ဖြတ်တောက်နေသည့် သဘောဖြစ်သည်ဟုလည်း ဒေသခံများမှပြောသည်။

#PAN