ထားဝယ်မြို့ စက်သုံးဆီတင် ဆိပ်ခံသင်္ဘော မီးလောင်မှုကြောင့် ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ


(ပြည်တွင်း)စက်တင်ဘာ ၁၅

တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ယမန့်နေ့ မွန်းလွဲ ၄နာရီခွဲအချိန်ခန့်က ဆီတင်သင်္ဘောမီးလောင်မှုဖြစ်ပွားသဖြင့်ထားဝယ်ခရိုင်မီးသတ်စခန်း၊ ထားဝယ်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြိမ်းသတ်လျက်ရှိရာ ယနေ့ နံနက် ၈နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အမျိုးသား၊ အမျိုးသမီး ခွဲခြားမရသည့် ရုပ်အလောင်း ခုနစ်လောင်းနှင့် ထိခိုက်ဒဏ်ရာရသူ လေးဦးရှိကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရသည်။

မီးလောင်မှုဖြစ်စဥ်ကြောင့် အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများအား ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။