2024 World Breast Cancer Awareness month Event အခမ်းအနားကျင်းပ


(ပြည်တွင်း) အောက်တိုဘာ ၁၄

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကို ကမ္ဘာ့ရင်သားကင်ဆာ အသိပညာပေးလအဖြစ် သတ်မှတ်ထားရှိရာ 2024 World Breast Cancer Awareness month Event အခမ်းအနားအဖြစ်အောက်တိုဘာလ ၁၄ ရက်(ယနေ့) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားရှိတဲ့ မိုးကောင်း ကင်ဆာကုသရေးစင်တာ(Moe Kaung Oncology Center)မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပါမောက္ခ ဒေါက်တာ စိန်လင်း၊ ဒေါက်တာ ညီညီလွင်၊ ဒေါက်တာ ထင်ဇာ နှင့် ဒေါက်တာ ဟိန်းတေဇာစိုး တို့က ကင်ဆာရောဂါနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို တက်ရောက်လာကြသော ဖိတ်ကြား ထားသူများနှင့် ကင်ဆာရောဂါဝေဒနာရှင်များအား မျှဝေဆွေးနွေးပြောကြားခဲ့သည်။

မိုးကောင်းကင်ဆာကုသရေးစင်တာတွင် ကင်ဆာရောဂါဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာ ကုသခြင်း၊ ကင်ဆာဆေးသွင်း/ဓာတ်ရောင်ခြည်ပေး ပေါင်းစပ်ကုသခြင်း၊ ကင်ဆာ‌ရောဂါဝေဒနာရှင်များအတွက် သက်တောင့်သက်သာဖြစ်အောင် ကုသပေးခြင်း၊ကင်ဆာရောဂါရှာဖွေခြင်း၊ ကင်ဆာရောဂါကု ဆရာဝန်ကြီးများမှ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း၊ ဓာတ်အပ်စိုက်ကုသခြင်းနှင့် ကင်ဆာရောဂါရှင်များ ပြန်လည်သန်စွမ်းရေး စသည့်ကုသမှုများကို ‌ခေတ်မီစက်ပစ္စည်းကိရိယာများ၊ ကျွမ်းကျင်သော ဆေးပညာရှင်များကဝန်ဆောင်မှုများကို ၂၄ နာရီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးကောင်းကင်ဆာကုသရေးစင်တာအနေဖြင့် အမေရိကန်နိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစံနှုန်းများကို သတ်မှတ်ပေးသည့် အရေးကြီးအဖွဲ့အစည်းဖြစ်သည့် Joint Commission International(JCI) အသိအမှတ်ပြု Ambulatory Chemotherapy Unit ကို ရရှိထားပြီးဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN