ဝမ်းတွင်းမြို့၊ မြို့မရဲစခန်းအား အကြမ်းဖက် PDF အဖွဲ့မှ ၄၀-မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်


(ပြည်တွင်း) စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ မြို့မရဲစခန်းအား ယမန်နေ့မွန်းလွဲ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့မှ ၄၀-မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးသီးများမှာ မြို့မရဲစခန်းဝင်းအတွင်း ရဲစခန်းရုံး၏ မြောက်ဘက် ၃၅ ပေခန့်အကွာတွင် ၁ လုံး၊ ရဲစခန်းရုံး၏ တောင်ဘက် ၂၅ ပေခန့်အကွာတွင် ၁ လုံး၊ဝမ်းတွင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကြာပန်းလမ်းနေ ဦးအောင်သင်း၊ အသက် ၇၃ နှစ်၊ (ဘ)ဦးသင်းမောင်၏ တိုက်အိမ်တောင်ဘက် အုတ်နံရံအနီးတွင် ၁ လုံး၊တစ်လမ်းတည်းနေ ဒေါ်ရီရီမြင့်၊ အသက် ၇၄ နှစ်၊ (ဘ)ဦးဖိုးစိန်၏ နေအိမ်အရှေ့ဘက် အိမ်အမိုး ခေါင်အုပ်သွပ်အစွန်းတွင် ၁ လုံး ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးသီးများ ပေါက်ကွဲမှုကြောင့် လူ/ပစ္စည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN