နွားထိုးကြီးမြို့၊ မြို့နယ်စာရင်းစစ်ရုံး ညစောင့်အဖြစ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးကို အကြမ်းဖက် PDF အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်


(ပြည်တွင်) အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ မြို့နယ်စာရင်းစစ်ရုံး ညစောင့်အဖြစ် လုပ်ကိုင်သူ အမျိုးသားတစ်ဦးကို အကြမ်းဖက် PDF အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် မိုးကန်(ရှေ့)ကျေးရွာတွင် နေထိုင်သည့် မြို့နယ်စာရင်းစစ်ရုံး ညစောင့်အဖြစ်လုပ်ကိုင်သူ ဦးသိန်းနိုင်ဝင်းသည် ၎င်း၏ နေအိမ်တွင် ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၁၀ ဦးခန့်သည် ဆိုင်ကယ် ၁ စီး၊ မော်တော်ယာဉ် ၁ စီးတို့ဖြင့် ရောက်ရှိလာပြီး အကြမ်းဖက် PDF အဖွဲ့ဝင်များက ဦးသိန်းနိုင်ဝင်းကို ဖမ်းဆီးကာ နွားထိုးကြီး-မြင်းခြံသွား ကားလမ်းဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN