“၂၀၂၅ ခုနှစ်အတွင်း နည်းပြအဖြစ်ဆောင်ရွက်ဖို့ မရှိကြောင်း ဆောက်ဂိတ် ပြော”

(အားကစား) အောက်တိုဘာ ၁၃

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဟောင်း ဆောက်ဂိတ် က လာမည့်နှစ်အတွင်း နည်းပြအဖြစ် ဆောင်ရွက်ဦးမှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ် ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြရာထူးမှ နုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေပါတယ်။

ဆောက်ဂိတ် ကိုခေါ်ယူလိုတဲ့ ကလပ်အသင်းများရှိနေသလို မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ ပြီးခဲ့သည့်နွေရာသီကတည်းက ဆောက်ဂိတ် ကို လက်ရှိနည်းပြ တန်ဟက်ဂ် ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ချိန်ရွယ်နေခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်း၏ နည်းပြရာထူးနဲ့ပတ်သက်ပြီး သတင်းများထွက်ပေါ်လာခဲ့တာကြောင့် ဆောက်ဂိတ် က လာမယ့် ၂၀၂၅ ခုနှစ်အတွင်း နည်းပြအဖြစ် ဆောင်ရွက်ဦးမည်မဟုတ်ကြောင်းလည်း တုံ့ပြန်ပြောကြားခဲ့ပါတယ်။

#PAN