အေးမြသာယာရွာအနီးတွင် တပ်မတော်လုံခြုံရေးအဖွဲ့များ နှင့် အကြမ်းဖက်အဖွဲ့များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွား


(ပြည်တွင်း) အောက်တိုဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြိုနယ်၊ နန်တွန်ဒေသ၊ အေးမြသာယာရွာအနီးတွင် ယမန်နေ့ ညနေပိုင်းက တပ်မတော်လုံခြုံရေးအဖွဲ့များ နှင့် အကြမ်းဖက်အဖွဲ့များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ယမန်နေ့ ညနေပိုင်းက အေးမြသာယာရွာအနီးတွင် အကြမ်းဖက်သမားများရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် ၁၀ ဦးခန့်နှင့် အချိန် ၁၅ မိနစ်ခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၎င်းကျေးရွာ၏ မြောက်ဘက်သို့ ထက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် တပ်မတော်လုံခြုံရေးအဖွဲ့များမှာ ထိခိုက်မှုမရှိပဲ အကြမ်းဖက်များထံမှ အကြမ်းဖက်(အမဲရောင်ဝတ်) အလောင်း ၂ လောင်း၊ MA-1 သေနတ် ၂ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၀၀ တောင့်ကျော် တို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN