အီရန်သည် ပြည်တွင်းလုပ် ဂြိုလ်တုနှစ်စင်းရုရှားအာကာသယာဉ်ဖြင့် ပတ်လမ်းကြောင်းအတွင်း လွှတ်တင်ရန် ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့

(နိုင်ငံတကာ) အောက်တိုဘာ ၁၃

     အီရန်သည် ပြည်တွင်းလုပ် ဂြိုလ်တုနှစ်စင်းကို ရုရှားအာကာသယာဉ်ဖြင့် ပတ်လမ်းကြောင်းအတွင်း လွှတ်တင်ရန် ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း Tasnim သတင်းအေဂျင်စီက အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ထားသော နိုင်ငံနှစ်ခုကြား နောက်ဆုံးပေါ် အာကာသပူးပေါင်းဆောင် ရွက်မှုတွင် ဖော်ပြခဲ့သည်။

      ကြည်လင်ပြတ်သားမှုမြင့်မားသောပုံရိပ်ဖော်ဂြိုလ်တု Kowsar နှင့် အသေးစားဆက်သွယ်ရေးဂြိုလ်တု Hodhod တို့သည် အီရန်၏ပုဂ္ဂလိကအာကာသကဏ္ဍအတွက် ပထမဆုံးသော  ကြိုးပမ်းအားထုတ်မှုဖြစ် ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

      ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားနိုင်ငံမှ ဂြိုဟ် တုများ လွှတ်တင်ခဲ့ပြီး ရုရှားနှင့် အီရန်ကြား အာကာသ ပူးပေါင်းဆောင်ရွက်မှုအပေါ် အမေရိကန် တာဝန်ရှိသူများက စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ ဂြိုလ်တုသည် ယူကရိန်းတွင် ရုရှားကိုသာမက အီရန်၏ အလားအလာရှိသော စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို စောင့်ကြည့်ရန်လည်း အထောက်အကူ ဖြစ်စေမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။  .

      Kowsar ကို စိုက်ပျိုးရေး၊ သဘာဝ အရင်း အမြစ် စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင် စောင့်ကြည့်ရေး နှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး တို့တွင် အသုံးပြုနိုင်သည်ဟု Tasnim က ဆိုသည်။ Hodhod သည် ဂြိုလ်တုအခြေခံဆက်သွယ်ရေးအတွက် ဒီဇိုင်းထုတ်ထားပြီး ကုန်းတွင်းကွန်ရက်များသို့ ဝင်ရောက်မှုနည်းပါးသော ဝေးလံခေါင်သီသောဒေသများတွင် အသုံးပြုနိုင် သည်။

      အီရန်သည် ၎င်း၏ တော်လှန်ရေးအစောင့်တပ်မှ တည်ဆောက်ထားသော ဒုံးပျံကို အသုံးပြုကာ ယခုနှစ်တွင် ၎င်း၏ ဒုတိယမြောက် ဂြိုလ်တုလွှတ်တင်မှုကို စက်တင်ဘာလတွင် လုပ်ဆောင်ခဲ့သည်။  ယူကရိန်းနဲ့ စစ်ပွဲမှာ အသုံးပြုနိုင်သော ဒုံးကျည်များကို ရုရှားထံ လွှဲပြောင်းပေးသည်ဟု အမေရိကန်နှင့် ဥရောပနိုင်ငံများက တီဟီရန်ကို စွပ်စွဲနေချိန်တွင် ယခုလို ပစ်လွှတ် လိုက်ခြင်း ဖြစ်သည်။  ၎င်းကို အီရန်က ငြင်းဆိုထားပါသည်။

#PAN