ပြည်သူ့ရင်ပြင်တွင် MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကျင်းပမည်


(ပြည်တွင်း) အောက်တိုဘာ ၁‌၃

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်မှ၁၈ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရပါတယ်။

သီတင်းကျွတ်ဈေးရောင်း ပွဲတော်ကာလအတွင်း စတုဒီသာ ကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ် တို့မှ အနုပညာရှင်များရဲ့ဖျော်ဖြေမှုများကိုကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး လာရောက်သူများ သွားလာရေးလွယ်ကူစေရန်အတွက် အကြို/အပို့ကားများကိုလည်း စီစဉ်ထားမှာဖြစ်ပါတယ်။

ဈေးရောင်းပွဲတော်ကို နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ဆိုင်ခန်းပေါင်း ၄၂၀ ဖြင့် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများကို ရောင်းချသွားမှာဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများကိုလည်း ပွဲတော်အတွင်း ခင်းကျင်းပြသ၍ ရောင်းချသွားမှာဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်မှာဖြစ်လို့ မည်သူမဆို ပျော်ရွှင်စွာလာရောက်ဆင်နွှဲနိုင်ကြောင်း အသိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN