ပလောင်းရွာအနီးတွင် အကြမ်းဖက် PDF အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


(ပြည်တွင်း)အောက်တိုဘာ ၁‌၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပလောင်းရွာအနီးတွင် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ မောင်းပြန်သေနတ် ၁ လက်၊ လက်လုပ် ၁၂ ဗို့သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု ၊ ၅.၅၆ မမကျည် ၁၅ တောင့်၊ ၁၂ ဗို့ ကျည် ၁၅ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN