နှစ်နိုင်ငံသဘောတူညီချက်အများအပြား တရုတ်နှင့် ဗီယက်နမ် လက်မှတ်ရေးထိုးဖွယ်ရှိ


(နိုင်ငံတကာ) အောက်တိုဘာ ၁‌၃

တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သည် ရထားလမ်းဆက်ကြောင်းများ မြှင့်တင်ရေးသဘောတူညီချက်နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကုန်သွယ်မှုသဘောတူညီချက်များအပါအဝင် သဘောတူညီချက်သစ်များ လက်မှတ်‌ ရေးထိုးကြဖွယ်ရှိကြောင်း အောက်တိုဘာလ ၁၁ ရက်သတင်းများတွင် ရေးသားဖော်ပြထားသည်။

တရုတ်ဝန်ကြီးချုပ် လီချန်း သည် ယခုရက်သတ္တပတ်ကုန်တွင် ဗီယက်နမ်သို့ သွားရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်အတွင်း အဆိုပါသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်သည်ဟု ဗီယက်နမ်အစိုးရ သတင်း အရင်းအမြစ်များက ပြောကြားထားကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်များသည် တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ တရုတ်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူညီချက်များ လက်မှတ် ရေးထိုးမည်ဆိုသောသတင်းများကို ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာတုံ့ပြန်မှုမရှိသေးကြောင်း သိရသည်။

တရုတ်ဝန်ကြီးချုပ် လီချန်း သည် ဗီယက်နမ်သို့ရောက်ရှိနေပြီး ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်းနှင့် အောက်တိုဘာလ ၁၃ ရက်(ယနေ့)တွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ဝန်ကြီးချုပ်လီချန်း၏ ခရီးစဉ်အတွင်း တရုတ်နှင့် ဗီယက်နမ်တို့အနေဖြင့် သဘောတူညီချက်မည်ရွေ့မည်မျှ လက်မှတ်ရေးထိုးကြမည်ကို မသိရသေးကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN