သီတင်းကျွတ်မီးထွန်းပွဲတော်ကို မန္တလေးကျုံးဘေးတစ်လျှောက် စည်ကားစွာကျင်းပရန် ပြင်ဆင်


(ပြည်တွင်း) အောက်တိုဘာ ၁‌၃

မန္တလေးမြို့ရှိ နန်းမြို့ရိုးကျုံးဘေးတစ်လျှောက်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို စည်ကားစွာကျင်းပ နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရပါတယ်။

မီးထွန်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၇ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး တေးသီချင်းများဖြင့်ဖျော်ဖြေမှုများ၊မြန်မာ့ရိုးရာအစားအစာများဖြင့် စတုဒိသာကျွေးမွေးဧည့်ခံမှုများအပြင် အခြားသော အစီအစဉ်များဖြစ်တဲ့ ရိုးရာခြင်းလုံးခတ်ပွဲ၊ ဆင်အကနဲ့ တင်ဆက်ဖျော်ဖြေခြင်းများကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပွဲတော်အတွင်း ကျုံးရေပြင်မှာ ဆီမီးမျှောခြင်း၊ မီးထွန်းခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းနဲ့ မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်းများကိုပါ ထည့်သွင်းပြုလုပ်မှာဖြစ်ပြီး ပွဲတော်ကို ယခင်နှစ်ကထက်ပိုမိုကောင်းမွန်စွာ လုပ်ဆောင် သွားမှာဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN