(၈၆) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ


(ပြည်တွင်း) အောက်တိုဘာ ၁၂

(၈၆) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ အာဆီယံသိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုကော်မတီ National COSTI Chair၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ၊ အာဆီယံအဖွဲဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဆွေးနွေးဖက် Dialogue Partners နိုင်ငံများမှ ကိုယ်စား လှယ်များ တက်ရောက်ဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီအောက်ရှိ ဆပ်ကော်မတီများ အစည်းအဝေး၏ ရလဒ်များနှင့် ဆုံးဖြတ်ချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခြင်း၊ ကူးစက်ရောဂါများ၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် အပူလွန်ကဲခြင်း Energy security၊ Food security၊ Inclusive and sustainable industrialization၊ Mobility၊ Water management စသည့် နယ်ပယ်များအလိုက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ် ၂၀၂၆-၂၀၃၅ (APASTI-2026-2035) ဖော်ဆောင်နိုင်ရေးနှင့်ဖွံဖြိုးတိုးတက်ရေးအတွက် အတူတကွဆောင် ရွက်ရန် ဦးစားပေးအစီအစဉ်များ၊ အာဆီယံနိုင်ငံများနှင့် ဖွံဖြိုးမှုမိတ်ဖက်အဖွဲအစည်းများအတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN