သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ်များပြေးဆွဲမည်


(ပြည်တွင်း) အောက်တိုဘာ ၁၂

ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-ပြည်-ရန်ကုန် နှင့်
ရန်ကုန် – မော်လမြိုင် – ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများအား အောက်ပါနေ့ရက်များအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါနေ့ရက်များအလိုက် အထူးရထားများအပြင် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့်ရထားများတွင် ဝန်ချိန်ပြည့်တွဲဆိုင်းများ
တိုးချဲ့ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ရထားစီးခရီးသွားပြည်သူများအား အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားလက်မှတ်ခနှုန်းထားနှင့်
ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးသည့် ရထားများအတိုင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN