ဝိုင်းမော်မြို့အနီးက KIA/PDF အကြမ်းဖက်များစုဝေးသည့်နေရာများအား ဗုံးကြဲရှင်းလင်ပေးဖို့ ဒေသခံများလိုလားနေ


(ပြည်တွင်း) အောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အပြင်ဘက်ရှိ ဝိုင်းမော်အပြင်တာဘောင် ရိုးနေရာ၊ ဝါးရှောင်၊ ခတ်ချိုရွာနှင့် နောင်ပကပ်ရွာဘေးရှိ ဆည်မြောင်း‌နေရာများအား လေကြောင်းမှ
ထိရောက်သည့်ပစ်ခတ်မှုများ ဗုံကြဲတိုက်ခိုက်မှုများပြုလုပ်ရန် ဒေသခံများလိုလား​နေကြကြောင်း သိရသည်။

“KIA အဖွဲ့တွေစုစည်းနေတဲ့နေရာတွေကို လေကြောင်းကထိ‌‌ရောက်တဲ့ ‌ချေမှုန်းမှုမရှိရင် အ‌ခြေအနေကစိုးရိမ်ရတယ် ” ဟု ဒေသခံတစ်ဦးကပြောသည်။

ဝိုင်းမော်မြို့၏ အပြင်ဘက်‌နေရာများ၌ ကချင်လက်နက်ကိုင်သောင်းကျန်းသူများ အကြမ်းဖက်များ အင်အားအများအပြားစုစည်း‌ထားနိုင်သည့်အ‌ခြေအနေတွင်ရှိနေပြီး လက်ဦးမှုရယူကာ
လေကြောင်းမှပစ်ခတ်ရှင်းလင်း ပေးရန်လိုအပ်သည်ဟုလည်း ၎င်းမှပြောသည်။

ဝိုင်းမော်မြို့မှာ အကြမ်းဖက်သောင်းကျန်းသူများ၏ ဝိုင်းဝန်းပိတ်ဆို့ခံထားသည့်အခြေအနေတွင်ရှိမေသည့်အတွက် အရေးတယူဆောင်ရွက်ပေးရန် ဒေသခံများလိုလားနေကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN