တောင်ခမ်းဒေသတွင် နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ ပစ်ကူပစ်အားယူကာ TNLAအကြမ်းဖက်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရရှိ


(ပြည်တွင်း) အောက်တိုဘာ ၁၂

ယမန်နေ့ နေ့လည်အချိန်ခန့်တွင် ရှမ်း‌ပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်နေသောစစ်ကြောင်းသည် တောင်ပေါ်ကြီး ရန်သူ့စခန်းအားပစ်ကူပစ်အားရယူ၍ စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲသည် ကြာချိန် ၂ နာရီခန့်သာကြမြင့်ပြီး အကြမ်းဖက် TNLA အမွဲ့များသည် အလောင်းနှင့် ၎င်းတို့၏လက်နက်များဆွဲယူကာ ထွက်ပြေးသွားခဲ့ရကြောင်း၊တပ်မ‌တော်စစ်ကြောင်းမှ ထက်ပြေးရာနောက်သို့ လိုက်လံရှင်းလင်းနေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြတ်များထံမှ သိရသည်။

အဆိုပါဖြစ်စဉ်တွင် တပ်မတော်စစ်ကြောင်းမှ စစ်သည် ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ TNLA/PDF အလောင်း ၂ လောင်း၊ သေနတ် ၂ လက်၊ ကျည်အိမ် ၁၅ ခု၊ကျည် ၁၀၀၀၀ ခန့်၊ လက်ပစ်ဗုံး ၁ လုံး၊ မိုင်း ၉ လုံး၊ ပစ်ကျင်း ၃၀ ကျင်း၊ ဆက်သွယ်ရေးမြောင်း ၆၀၀ ပေတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ခမ်းဒေသတွင် တပ်မတော်စစ်‌ကြောင်းတပ်ဖွဲ့ဝင်များမှ ခံစစ်အနေအထားမှ တန်ပြန်ထိုးစစ်(တိုက်စစ်)များဖြင့် အကြမ်းဖက် NNLA စခန်းများအား တိုက်ခိုက်ချေမှုန်းလျှက်ရှိနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN