ကျောက်တံခါးမြို့နယ်တွင် သန်းကောင်စာရင်းကောက်ယူနေသော နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်အဖွဲ့မှ လူသွားလမ်းမကြီး၌ ဗုံးထောင်ဖောက်ခွဲ


(ပြည်တွင်း) အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသောအဖွဲ့အား အကြမ်းဖက် KNLA+PDF အဖွဲ့များမှ အများပြည်သူသွားလာနေသော လမ်းမကြီး၌ဗုံးထောင်ဖောက်ခွဲခဲ့ရာ နိုင်ငံ့ဝန်ထမ်းများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကျောက်တံခါးမြို့နယ် ကျွန်းချောင်းကျေးရွာအုပ်စုတာဝန်ကျ သန်းခေါင်စာရင်းကောက်ယူရန်တာဝန်ကျသောအဖွဲ့သည် သက်ဆိုင်ရာကောက်ကွက်အသီးသီး၌ ပေးအပ်လာသော သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းများလုပ်ဆောင်နေစဉ် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့မှ ထောင်ထားသောဗုံးအား ဖောက်ခွဲခဲ့သဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်အကြမ်းဖက်အဖွဲ့ အဖျက်သမား PDF အုပ်စုမှ သန်းခေါင်စာရင်းကောက်ယူမှုကိစ္စရပ်များတွင် ပါဝင်ပက်သက်သူများအား တိုက်ခိုက်မည်ဟုဆိုကာ အောက်တိုဘာလ (၇) ရက်နေ့က ခြိမ်းခြောက်စာ ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ ဒီမိုကရေစီကရေစီလမ်းကြောင်းနှင့် ဒီမိုကရေစီစံနှုန်းများအတိုင်း လွတ်လပ်ပြီး တရားမျှတသော ပါတီစုံရွှေးကောက်ပွဲအား ကျင်းပနိုင်ရန်အတွက် ဥပဒေ လုပ်ထုံးများနှင့်အညီ ယခုကဲ့သို့ ဆောင်ရွက်နေစဉ်ပြည်ပအားကိုး အကြမ်းဖက်အဖွဲ့များမှ ယခုကဲ့သို့ ခြိမ်းခြောက် နှောက်ယှက် ဖျက်ဆီး ဟန့်တား၍ တိုင်းဖျက်/ ပြည်ဖျက်လုပ်ရပ်များအား နေ့စဥ်လုပ်ဆောင်နေမှုများအပေါ် အေးချမ်းစွာနေထိုင်လိုသော ပြည်သူအများမှ အဆိုပါအကြမ်းဖက်အဖွဲ့များကို စပ်ဆုပ်ရွံရှာ မုန်းတီးလျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN