ကျန်းမာရေးအတွက်ကောင်းပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အသီးဖျော်ရည်များ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၁၂

     PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ကျန်းမာရေးအတွက်ကောင်းပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အသီးဖျော်ရည်များအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    မုန်လာဥနီဖျော်ရည်က မျက်လုံးအားကောင်းစေပြီး အကြောတက်တာကိုပါ သက်သာစေနိုင်ပါတယ်။ ဗိုက်ပြည့်လွယ်တာကြောင့် ညဘက်တွေမှာ သောက်သုံးသင့်ပါတယ်။ အချိုကိုတော့ ပါတယ်ဆိုရုံပဲ ထည့်သင့် ပါတယ်။

       သခွားသီးဖျော်ရည်က ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့အပြင် အသားအရေကိုပါ ကောင်းမွန်စေနိုင်ပါတယ်။ တစ်နေ့ ၂ ခွက် ပုံမှန်သောက်ပေးသင့်ပါတယ်။

       ဟင်းနုနွယ်ကို သတ္တုရည်အဖြစ် ပြောင်းသောက်လိုက်တဲ့အခါ ဝမ်းကိုမှန်စေပါတယ်။ အရေပြား ပြဿနာ ကိုလည်း သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သလို မျက်စိကိုလည်း ကြည်လင်စေပါတယ်။

       ခရမ်းချဉ်သီးဖျော်ရည်ဟာ အရသာရှိပြီး သောက်လို့ကောင်းတဲ့ ဖျော်ရည်မျိုးဖြစ်ပါတယ်။ ကိုယ်အလေး ချိန် အတွက်ဆိုရင်တော့ အချိုကိုလျှော့ထည့်ပါ။

       ဂေါ်ဖီထုပ်ကို ဖျော်ရည်လုပ်သောက်ဖို့ဆိုတာ အဆန်းတော့ဖြစ်နေမှာပါ။ ဒါပေမယ့် အဆီကျချင်တယ် ဆိုရင်တော့ ဒီနည်းကသင့်တော်ပါတယ်။ ဂေါ်ဖီ ထုပ်ကို ဟင်းရည်အဖြစ် ချက်သောက်ရင်လည်း ရပါတယ်။

      အသက်ရှည်ဆေးလို့တောင် ပြောကြတဲ့တရုတ်နံနံပင်ကို အရည်ကြိတ်သောက်ပေးရင်တော့ သွေးထဲက အဆီဓာတ်ကိုပါ ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အနံ့ကတော့ နည်းနည်းသည်းခံရပါလိမ့်မယ်။

#PAN