ပြည်ကြီးတံခွန်မြို့နယ်တွင် အမည်မသိအမျိုးသားတစ်ဦး ဆိုင်ကယ်မှောက်လျက် သေဆုံး


(မှုခင်း) စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ၅၀×၁၃၁ လမ်းထောင့်တွင် ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သေဆုံးနေကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်နေရာတွင် အမည်မသိ အမျိုးသားတစ်ဦး အသက် ၄၀ ဝန်းကျင်ခန့်သည် CZI အနက်ရောင်ဖြင့် ဆိုင်ကယ်မှောက်ကာ ဦးခေါင်း ယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခြေခုံနှင့် ခြေချောင်းများ စုတ်ပြဲဒဏ်ရာ၊ ယာဘက်ခြေသလုံး ညိုမဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ ၎င်းဖြစ်စဉ်အား သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN