နယ်မြေရှင်းလင်းရေးစစ်ကြောင်းအား ဈေးရောင်းချပေးခဲ့သော ကုန်စုံဆိုင်ပိုင်ရှင်နှင့်မိသားဝင် ၅ ဦးအား အကြမ်းဖက် PDF အဖွဲ့များကသတ်ဖြတ်


(ပြည်တွင်း) အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ဗန္ဓုလကွက်သစ်ရပ်ကွက်တွင် နေထိုင်သော ကုန်စုံဆိုင်ပိုင်ရှင်မီသားစုဝင်များအား ယနေ့အောက်တို့ဘာ ၁၂ ရက်နေ့တွင် အကြမ်းဖက် PDF အဖွဲ့များကသတ်ဖြတ်သွားကြောင်း ဒေသခံသတင်ရင်းမြစ်များထံမှ သိရသည်။

ဘုတလင်မြို့၊ ဗန္ဓုလကွက်သစ်ရပ်ကွက် မုံရွာ-ရေဦးလမ်းနှင့် သဖန်းလမ်းဆုံတွင်ရှိသော ကုန်စုံဆိုင်တစ်ဆိုင်ရှိ ဆိုင်ပိုင်ရှင်မိသားစုဝင်များဖြစ်ကြသော ဦးဖိုးကြာ၊ ဇနီး ဒေါ်သင်း၊ အသက် ၂၅ နှစ်အရွယ်သမီးဖြစ်သူ၊ အသက် ၁၆ နှစ်အရွယ်သားနှင့် အသက် ၇ နှစ်အရွယ် မွေးစားတူမတို့အား အကြမ်းဖက် PDF များ လာရောက်ပစ်သတ်သွားကြောင်း ဒေသခံသတင်ရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်တွင် ဦးဖိုးကြာနှင့်မိသားစု၏ကုန်စုံဆိုင်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်များဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများမှ ၎င်းကုန်စုံဆိုင်မှလိုအပ်သောပစ္စည်း ဝယ်ယူရာတွင်ရောင်းချပေးခဲ့ခြင်းကြောင့်စစ်တပ်သတင်းပေးဒလန်ဟုစွပ်စွဲကာ အကြမ်းဖက် PDF အဖွဲ့များက ယခုလိုမိသားစုလိုက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ပတ်ဝန်ကျင်ဒေသခံများထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN