ကနားနယ်မြေရဲစခန်းအား လာတိုက်သည့် အကြမ်းဖက် PDF အဖွဲ့ ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေး


(ပြည်တွင်း) စက်တင်ဘာ ၁၂

နွားထိုးကြီးမြို့နယ်၊ ကနားကျေးရွာအုပ်စု၊ ကနားနယ်မြေရဲစခန်းအား ယမန်နေ့က နွားထိုးကြီး အကြမ်းဖက် PDF အင်အား ၅၀၀ ခန့်မှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့များလာရောက်တိုက်ခိုက်မှုအား စခန်းအတွင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ ခုခံကာကွယ်မှု၊ လေကြောင်းပစ်ကူ ပစ်မှတ်တိကျမှန်ကန်မှု၊
မြေပြင်စစ်ကြောင်း၏ လက်နက်ကြီးပစ်ကူထိရောက်မှုတို့ကြောင့် အကြမ်းဖက် PDF များ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူများစွာဖြင့် သေဆုံးအလောင်းများကို ဆွဲကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း သိရသည်။

၎င်းအပြင် အကြမ်းဖက် PDF များမှ ဒဏ်ရာရှိသူများအား နွားထိုးကြီးမြို့နယ် အရှေ့တောင်ဘက်ရှိ တာပါယ်ကျေးရွာသို့ ကားများဖြင့် သယ်ဆောင်ရောက်ရှိလာကာ နေရာ ၃ နေရာခွဲ၍ ဆေးဝါးကုသနေကြောင်း
ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုထပ်မံရရှိသဖြင့် ယင်းနေ့ ညပိုင်းတွင် လေကြောင်းဖြင့် ထပ်မံရှင်းလင်းမှုပြုလုပ်ခဲ့ရာ ရွာအတွင်းမှပစ်မှတ်အနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆောက်အဦးပြိုကျပျက်စီးကာ
အကြမ်းဖက် PDF(အတိုအပြတ်အပါအဝင်) ၄၀ ကျော်ထပ်မံသေဆုံးခဲ့ပြီး၊ ၅၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ကား ၂ စီးမှာ မီးလောင်ပျက် စီးခဲ့ပြီး ၁ စီးမှာ သုံးမရအောင် ပျက်စီးသွားခဲ့ကြောင်း၊
အ​ကြမ်းဖက် PDF အဖွဲ့မှ ထပ်မံဒဏ်ရာရရှိသူများကို ဆေးကုသရန် နေရာသစ်ရှာဖွေနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN